BISTRO BY LE PLANTEUR

TAZAUNGDAING FAMILY FEAST MENU

A Celebration of Togetherness & Sharing

Gather your loved ones around the table for a festive celebration filled with delicious food, generous sharing plates, and happy family moments.

ပျော်ရွှင်စရာ တန်ဆောင်တိုင် မိသားစုစားပွဲကြီး

တန်ဆောင်တိုင်ပွဲတော်အခါသမယမှာ မိသားစု၊ ချစ်ခင်ရသူတွေနဲ့အတူ စားပွဲတစ်ဝိုင်းတည်းမှာ စုဝေးပြီး အရသာရှိတဲ့ ဟင်းလျာမျိုးစုံကို ပျော်ပျော်ရွှင်ရွှင် မျှဝေသုံးဆောင်လိုက်ပါ။

___________________________________________________________________________________________________________________________________________


23 & 24 NOVEMBER 2026


FIRST SERVICE

Fresh & Flavourful Beginnings

Tuna & Feta Salad, Compressed Watermelon

အရသာပြည့်ဝတဲ့ တူနာငါးကို ဂရိဒိန်ခဲနဲ့ တွဲဖက်ပြီး အရသာပိုမိုစိမ့်ဝင်အောင် အထူးပြင်ဆင်ထားတဲ့ လတ်ဆတ်တဲ့ ဖရဲသီးနဲ့ ပေါင်းစပ်ထားတဲ့ အသုပ်။

Arugula Salad, Poached Egg & Crispy Bacon

လတ်ဆတ်တဲ့ အာရူးကူလာရွက်၊ အနှစ်ပျော့ပျော့ ကြက်ဥနဲ့ ကြွပ်ရွမွှေးပျံ့တဲ့ ဝက်သားပြားကြော်တို့ကို ပေါင်းစပ်ထားတဲ့ အရသာစုံ အသုပ်။

Grilled Seafood Salad

မီးကင်ရနံ့မွှေးပျံ့နေတဲ့ ပင်လယ်စာမျိုးစုံကို လတ်ဆတ်တဲ့ အသုပ်အဖြစ် အရသာရှိရှိ ပေါင်းစပ်ပြင်ဆင်ထားတဲ့ ဟင်းလျာ။


SECOND SERVICE

A Warm & Comforting Interlude

Seafood Chowder with Aioli Toast

ပင်လယ်စာမျိုးစုံရဲ့ သဘာဝအချိုအရသာနဲ့ ပြည့်ဝနေတဲ့ ပျစ်ပျစ်နှစ်နှစ် ဟင်းချိုပူပူကို ကြက်သွန်ဖြူဆော့စ် သုတ်ထားတဲ့ ပေါင်မုန့်ကင်နဲ့ တွဲဖက်တည်ခင်းထားပါတယ်။


THIRD SERVICE

The Heart of the Feast — Main Courses 

Spiced Saffron Seafood Rice, Paella Style

ရွှေဝါရောင် ဆာဖရွန်နဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ ပေါင်းစပ်ချက်ပြုတ်ထားတဲ့ စပိန်ရိုးရာထမင်းကို အရသာပြည့်ဝတဲ့ ပင်လယ်စာမျိုးစုံနဲ့အတူ မိသားစုဝိုင်းမှာ မျှဝေသုံးဆောင်နိုင်အောင် အထူးပြင်ဆင်ထားပါတယ်။

Boneless Murrel Fish, Spicy Mediterranean Style

အရိုးဖယ်ထားတဲ့ ငါးရံ့ကို မြေထဲပင်လယ်ဒေသရဲ့ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ စပ်စပ်မွှေးမွှေး အရသာထူးကဲအောင် ချက်ပြုတ်ထားတဲ့ ဟင်းလျာ။

Sizzling Spring Chicken with Sun-Kissed Vegetables

ဒယ်အိုးပူပေါ်မှာ တည်ခင်းထားတဲ့ ကြက်သားနုနုကို ဟင်းသီးဟင်းရွက်မျိုးစုံနဲ့ တွဲဖက်ထားတဲ့ မိသားစုအကြိုက် ဟင်းလျာ။


FOURTH SERVICE

Dessert Extravaganza

A generous selection of freshly made desserts

လတ်လတ်ဆတ်ဆတ် ပြုလုပ်ထားတဲ့ အချိုပွဲမျိုးစုံကို စုံစုံလင်လင် ရက်ရောစွာ တည်ခင်းပေးမှာဖြစ်လို့ မိသားစုအားလုံး အတူတူ မျှဝေသုံးဆောင်ရင်း ချိုမြိန်ပျော်ရွှင်စရာ အမှတ်တရလေးတွေကို ဒီတန်ဆောင်တိုင်မှာ ဖန်တီးနိုင်မှာပါ။


LITTLE GUESTS, BIG SMILES!

119,000 MMK per adult
Children under 6 dine FREE
Children aged 6–11 enjoy 50% OFF

လူကြီးတစ်ဦးလျှင် ၁၁၉,၀၀၀ ကျပ်
အသက် ၆ နှစ်အောက် ကလေးများ အခမဲ့!
အသက် ၆ နှစ်မှ ၁၁ နှစ်အထိ ကလေးများ ၅၀% လျှော့ဈေး!

____________________________________________________________________________________________________________________________________________________________________

Children must be accompanied by a paying adult. One complimentary child per paying adult. All dishes are served in sharing portions. Beverages are not included. Advance reservations are recommended.

အခကြေးငွေပေးဆောင်သော လူကြီးတစ်ဦးလျှင် အသက် ၆ နှစ်အောက် ကလေးတစ်ဦး အခမဲ့ဖြစ်ပါသည်။ ဟင်းလျာအားလုံးကို အတူတကွ မျှဝေသုံးဆောင်ရန် တည်ခင်းပေးပါသည်။ အဖျော်ယမကာများ မပါဝင်ပါ။ ကြိုတင်စားပွဲမှာယူထားရန် အကြံပြုပါသည်။

Search